Google Digital Garage အ ကြောင်းတစ်စေ့တစောင်း...
🔖Google Digital Garage အ ကြောင်းတစ်စေ့တစောင်း...🔖
Google ဟာအကုန်လုံးသိတဲ့အတိုင်း internet လောကမှာဆရာကြီးပါ...Google Chrome, Drive, GSuite, Classroom, Google Analytics, Photos စတဲ့ မျိုးစုံတဲ့ Products တွေနဲ့ ကိုယ်တွေ ဝေးကွာလိုု့မရပါဘူး။ သူကိုယ်တိုင်လည်းဆရာတစ်ဆူဖြစ်တဲ့အတိုင်း Google က Free ပေးနေတဲ့ Course လေးတစ်ခုကို Free တက်ရောက်ရင်း Certificate တစ်ခု ရယူရုံမကဘဲ Digital Marketing Skill တစ်ခုကို လေ့လာလို့ရပါတယ်။
Program တစ်ခုလုံး module ၂၆ ခု ပါဝင်ပြီး module တစ်ခုပြီးတိုင်း topic quiz တွေ ဖြေဆိုရမှာ ပါ။ quizz ကလည်း 3-5 short questions လေးတွေပါ။ Module တစ်ခု မှာ lesson အနည်းဆုံး ၃ ခုကနေ ၆ ခုအထိ ပါဝင်ပြီး lesson တစ်ခုကို ၂ မိနစ် ဒါမှမဟုတ် ၃ မိနစ်စာ video clip လေးနဲ့ နားထောင်ပြီး check your knowledge button လေးကိုနှိပ်ပြီး quiz ဖြေရမှာပါ။ အကယ်လို့သင်က Digital Marketing နဲ့ နီးစပ်မှုရှိတယ်ဆိုရင်လည်း Module တစ်ခုချင်းစီနဲ့ Test ကိုတန်းသွားဖြေလို့ရပါတယ်။ 😈ဒါပေမယ့် မေးခွန်းအားလုံးမှန်အောင်ဖြေနိုင်ဖို့တော့လိုပါတယ်။ မှားခဲ့ရင်တော့ Lessons တွေကိုပြန်လေ့လာပြီး quizz တွေပြန်ဖြေရမှာပါ။ 😐😐😐Test တွေ အားလုံး အောင်မှ Final Exam ဖြေရမှာပါ 🙄
Final Exam မှာ မေးခွန်း ၄၀ မေးပြီးတော့ မေးခွန်းအားလုံးရဲ့ ၈၀% ဖြစ်တဲ့ မေးခွန်း ၃၂ ခုနဲ့ အထက် မှန်ရင် Certificate ထုတ်လို့ရပါပြီ။ 😍တကယ်တော့ Digital Markeing Knowledge ရှိတဲ့သူတွေအနေနဲ့ Test တွေကိုအရင် Try ကြည့်ပါ။ တချို့သင်ခန်းစာတွေကသင်သိပြီးသားဆိုအလကားအချိန်မကုန်အောင်ပါ။ ⏳Google ကတော့ Learning hours 🕰 ကို ၄၀ လို့ရေးထားတော့တချို့မအားတဲ့သူတွေ အချိန်နည်းနည်းသက်သာတာပေါ့။
Google Analytic, Online Marketing, Market Expand ကို Oversea အထိ online ကနေဘယ်လိုစရမလဲဆိုတာကအစသေချာရှင်းပြထားပါတယ်...။Lesson တွေကိုလည်းစာသင်သလိုမဟုတ်ဘဲ Cast Study ၊ Stories လေးတွေနဲ့ရှင်းပြသွားလို့ Never Feel Bore ပါ။ 👨💻
ကဲ....ဒီကြာတယ် ဒီနေ့ဘဲ Register လုပ်ပြီးလေ့လာတော့ဗျို့။ အဖြေတွေ Admin ဆီမှာရှိတယ်လာတောင်း 🤫🤫
Make Today a Productive Day !!!
https://learndigital.withgoogle.com/…/cou…/digital-marketing
#takeyourtimebyeric
Comments
Post a Comment